လမ်းမတော်မြို့နယ်  UMFCCI  တွင် တရုတ်နှင့်အာဆီယံ နိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် China (Shaanxi) - ASEAN Investment and Cooperation Forum ကျင်းပ

လမ်းမတော်  ဩဂုတ် 

လမ်းမတော်မြို့နယ် UMFCCI  တွင် တရုတ်နှင့်အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်မှု ဖလှယ်ရန်ရည်ရွယ်၍ China (Shaanxi) - ASEAN ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ၂၀၂၀ ခုနှစ်၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ယင်းဖိုရမ်တွင် တရုတ်နိုင်ငံ ရှန်စီပြည်နယ်၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Wang Hongwei မှ  သဘာပတိအဖြစ်ဆောင်ရွက်ပြီး ရှန်စီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Xu Datong မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းဖိုရမ်သည် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆန်းသစ် သော လှုပ်ရှားဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားတွင် ကြီးမား သော ပူးပေါင်းဆောင်ရွက်မှုအလားအလာရှိပြီး ယင်းဖိုရမ်သည် ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ပူး ပေါင်း ဆောင်ရွက်မှုအခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်းပြော ကြားခဲ့ သည်။

အဆိုပါဖိုရမ်အား Shaanxi ပြည်နယ်အစိုးရနှင့် China-ASEAN Business Council (CABC) တို့မှ ပူးပေါင်း ကျင်းပခဲ့ပြီး CABC မှ Executive President ဖြစ်သူ Mr. Xu Ningning မှအမှာစကားပြောကြားရာတွင် တရုတ် နှင့်အာဆီယံ နိုင်ငံများအကြား COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများလျှော့ချရန်နှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုတွင် ပိုမိုအားကောင်း လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နယ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု၍ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ သံတမန်များ၊ သက်ဆိုင်ရာဌာနအဖွဲ့ စည်းများမှ တာဝန်ရှိသူများ အသီးသီး တက်ရောက် ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်း ဝင်း မှ ဆွေးနွေးရာတွင် ရှန်စီပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူး ပေါင်းဆောင် ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

ယင်းဖိုရမ်တွင် တရုတ်နိုင်ငံရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေး စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးကျော်ဒေဝနှင့် ဒေါက်တာ ဝင်းစည်သူ၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

‌ကျော်ဆန်းမြင့်