ကံမ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းနေခြည်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ဝင်းက အမျိုးသမီးငယ်များ မိမိကိုယ်ကို တန်ဖိုးထားကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်မေသော်တာနိုင်က အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်ရေးနှင့် ဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးမြင့်စိုးက လူကုန်ကူးမှုနှင့် အကြမ်းဖက်မှုသက်ငယ်မုဒိမ်းမှုများ ကာကွယ်စောင့်ရေးအကြောင်းကိုလည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)