ငဖဲ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး ဦးသန်းဌေးနှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများက ကြည့်ရှုအားပေးသည်။
အဆိုပါကျောင်းတွင် အသက် ၁၀နှစ်ပြည့် ကျောင်းသား ၁၂၀ ဦးနှင့် ကျောင်းသူ ၁၄၈ဦး စုစုပေါင်း ၂၆၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)