ကော့ကရိတ် ဇွန် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အစိုးရ၏ရက် ၁၀၀ လမင်းစီးမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)ဝင်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ အ.ထ.က(ခွဲ)ဝင်းကြီးကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူ (၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်နေမှုတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ ဒုတိယခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့မှ ကြည့်ရှုအားပေးခဲ့ပြီ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)