ဘားအံ ဇွန် ၁၉
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကျင်းပဆောင်ရွက်သည့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ (၁၈)ရက်နေ့နံနက် (၁၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပြုလုပ်သည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဘားအံမြို့ အခြေခံပညာကျောင်းများရှိ အလယ်တန်းအဆင့် ကျောင်းသူလေးများမှ ကျွန်ုပ်တို့၏ စံပြအမျိုးသမီး စာစီစာကုံးခေါင်းစဉ်ဖြင့် လာရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ရာ ဦးစွာဘားအံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ကြီးကြပ်အမှတ်ပေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဆရာမများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ကျောင်း
သူများအား ဘားအံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)