ငဖဲမြို့နယ်၌  စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ  ဇွန် ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသော  ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  ဆောင်ရွက်သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင် ဒေါ်ငယ်ငယ်ထွေးက လစဉ်ပုံမှန်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသော ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်တွင် ပါဝင်သည့် တွေဝေခြင်းကိုကျောခိုင်းခြင်း၊ ဘဝခရီးသည်တွေဆီကအသံ၊ အပြုအမူကောင်းတို့အတွက်ရည်မှန်းချက်နှင့် Book Club အဖွဲ့ဝင် ဒေါ်ဝါဝါထိုက်ကကိုယ့်ဝန်းကျင်ကိုပါ စင်ကြယ်နိုင်စေသူနှင့် ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်စာအုပ်ပါ အကြောင်းအရာကို အဖွဲ့ဝင်များနှင့် စာပေဗဟုသုတအမြင်ချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရေးအတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)