မော်လမြိုင်မြို့နယ်တွင် ရပ်ရွာအ‌ခြေပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မော်လမြိုင် ဇွန် ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုနှင့် သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူပေါင်းဖွင့်လှစ်သည့် ရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အမှာစကားပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဥမ္မာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ သင်တန်းပို့ချနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံစက်ချုပ်သင်တန်းတွင် ခါးတိုလက်ပြတ်၊ ရင်ဖုံးလက်ဆက်၊ ခေါင်းစွပ်အင်္ကျီ၊ နောက်ခွဲဇစ်လက်ဖောင်း၊ A စကပ်၊ ဘောင်းဘီတို့ကို အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ နည်းပြဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး ရပ်ကွက်များရှိ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိသည်။

ခင်စန်းမြင့် (ပြန်/ဆက်)