ဗဟန်း ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဦးစီးအရာရှိ ဦးရန်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်တတ်သော ရောဂါများအကြောင်းနှင့် ဆိုးကျိုးများအကြောင်းကို "ရှောင်လေဝေးဝေးမူးယစ်ဆေး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရပါသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
သင်းသင်းစိုး (ပြန်/ဆက်)