မြဝတီ ဇွန် ၁၉
ကရင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ (ကာယ-ဥာဏ) ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး pfizer ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ထိုးနှံဆောင်ရွက်သည်။
ထိုသို့ထိုးနှံရာ၌ မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ မျိုးသန့်ဇင်ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကုန်တင် ကုန်ချကော်မတီရုံးမှ ကာယ၊ ဉာဏဝန်ထမ်း(၇၂)ဦးအား Pfizer COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန် ၁၆ရက်မှစ၍ အသက် ၁၈ နှစ်နှင့်အထက်ရှိ ဝန်ထမ်းနှင့်မိသားစုဝင်များကို စတင်ထိုးနှံပေးခဲ့ပြီး ရပ်ကွက်အလိုက်ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)