အောင်လံမြို့၌ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

အောင်လံ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက-၃ (ရွာထောင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ခဲ့ကြရာ အခြေခံပညာအထက်တန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၇) ဦး စုစုပေါင်း ပြိုင်ပွဲဝင် (၄၇) ဦးတို့က သတ်မှတ်ထားသော ခေါင်းစဉ်များအလိုက် မိမိတို့၏ အတွေးအမြင်စွမ်းရည်များကို အားတက်သရော ပါဝင်ယှဉ်ပြိုင်ရေးသားခဲ့ကြသည်။

ပြိုင်ပွဲကျင်းပရာသို့ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)