မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း Min Oo Motor Myanmar Company Limited ၏ EV မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇွန် ၁၉

Myanmar Car and Motorcycle Business Group (MCM) Associated Company, မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် Min Oo Motor Myanmar Company Limited ၏ EV မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၆) နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ EV မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့်စက်ရုံ၌ ကျင်းပပြုလုပ်ရာ ဦးစွာ Myanmar Car and Motorcycle Business Group (MCM) ၏ Chairman မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (MCM) စက်ရုံ၏ နောက်ခံသမိုင်းကြောင်းအား ဖတ်ကြားခဲ့ကာ လက်ရှိစက်ရုံတွင် တပ်ဆင် ထုတ်လုပ်သွားမည့် Brand နှင့် Model တို့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ (MCM) Group မှ တာဝန်ရှိသူများက EV မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့်စက်ရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံတွင်းရှိ EV မော်တော်ဆိုင်ကယ်များ၏ တပ်ဆင် ထုတ်လုပ်မှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)