ဆင်ပေါင်ဝဲမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား(မွမ်းမံ) သင်တန်းဖွင့်လှစ်

ဆင်ပေါင်ဝဲ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ​ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းတွင် ကျန်းမာရေး သဘောတရားများ၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မိသားစုကျန်းမာရေး၊ သမာရိုးကျရောဂါများ၊ ဖွားသေစာရင်းမှတ်ပုံတင်ခြင်းနှင့် ကျန်းမာရေးစာရင်းအင်းများကောက်ယူခြင်း၊ ကျန်းမာရေး ပညာပေးခြင်း စသည့် သင်ခန်းစာများအား ပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် သင်ခန်းစာများကို (၂)ပတ်ကြာသင်ကြားပို့ချမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်း (၂၂)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)