ကံမ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း (ကံမ)၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္က ဒေါ်သင်းနေခြည်အေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို “အမျိုးသမီးများ၏ အခွင့်အရေးနှင့်တန်းတူညီမှုဆီသို့” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဆုရရှိသူများအား မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)