ကံမ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဓါတ်ပုံ နံရံကပ်စာစောင်များပြသပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က မူးယစ်ဆေးဝါးများ၏ အန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ကျောင်းစာအပြင် ဗဟုသုတ ရရှိနိုင်မည့် ပြင်ပစာပေများအား ဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောခဲ့သည်။ အလားတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နေ့လယ်(၂) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(မဒေးဝ)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ဓါတ်ပုံနံရံကပ် စာစောင်များပြသခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)