တောင်ငူ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မူလွန် (ဇေယျာခင်ဦး) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ယဥ်ယဥ်အေးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောဆွေးနွေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထို့နောက် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းများဆောင်ရွက်၍ ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းခြင်းတို့ဆောင်ရွက်ပြီး၊ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)