ပုဇွန်တောင် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများလေ့လာဖတ်ရှုနိုင်စေရန် သုတ/ ရသ စာအုပ်စာစောင်များအား ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က လာရောက်လှူဒါန်းခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အများပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ သုတစာအုပ် (၅၀) အုပ် ဂျာနယ် (၃၀) စောင်တို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်အား လာရောက်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြတိုက်ငယ်၊ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်