မြို့သစ် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဉာဏ်မြင့်ဦးက တောင်သူများအနေဖြင့် ဝင်ငွေတိုးပွားစေရေးအတွက် မြေဧရိယာကျဉ်းကျဉ်းတွင် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်၍ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ကြစေရေးအတွက် နည်းပညာပေး သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသည့် မြေပြင်သာကျေးရွာ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဒေသတွင်း တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)