ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး 

ပခုက္ကူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက် ဒေါ်ဦးဇွန်းဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွား(၂၃)ဦးအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းရောဂါများကို ကြည့်ရှုစစ်ဆေးကုသပေးခြင်း၊ လိုအပ်သောဆေးဝါးများ ပေးဝေခြင်းတို့ကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)