တောင်တွင်းကြီး ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာအရောင်းဆိုင် ဖိုးလပြည့်၊ ရွက်နုဝေ၊ ရွှေပျိုးသာ၊ ရွှေဓူဝံ၊ ညိုမိသားစုဆိုင်များတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဓာတ်မြေသြဇာ သတ်မှတ်ရောင်းချစျေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင်၍ စျေးကစားခြင်း ရှိ/ မရှိ၊ ဓာတ်မြေသြဇာများ အရည်အသွေးနှင့် အလေးချိန် မှန်ကန်စေရေးနှင့် သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဋ္ဌေးဋ္ဌေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းနိုင်၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)