ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရှေးဦးပြုစုခြင်း (သာမန်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကျိုက်ထို ဇွန် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၂) အခြေခံပညာအထက်ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး (တာဝန်ခံ) ဦးအောင်မြင့်ကျော်နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်တို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး (တာဝန်ခံ) ဦးအောင်မြင့်ကျော်နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၄) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၃၄) ဦးတို့အား (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)