ကျိုက်မရောမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော ဇွန် ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၀ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က ခွဲ (ကျိုက်မရော) ကျောင်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးသန့်ဇင်က လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာကြီး၏အခြေအနေနှင့် သစ်ပင်များ၏အကျိုးကျေးဇူးများ မြန်မာနိုင်ငံတွင် ထွက်ရှိသည့် သစ်အမျိုးအစားများ သစ်ပင်များ ဆက်လက်စိုက်ပျိုးထားရှိမှုနှင့် သစ်ပင်သစ်တောများမှ ရရှိသောအကျိုးကျေးဇူးများ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ပညာပေးဟောပြောပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)