သံတောင်ကြီး မေ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဇီဝလုံခြုံမှုဆိုင်ရာ အခြေခံသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီမှ စတင်ကာ သံတောင်ကြီးမြို့၊ အမှတ်(၃) ရပ်ကွက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာဇင်မျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စီးပွားဖြင့် မွေးမြုရေးခြံအများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တက်ရောက်လာသည့် မွေးမြူရေးသမားများအား ဇီဝလုံခြုံမှုဆိုင်ရာလုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးခဲ့ပြီး စာတွေ့လက်တွေ့ဖြင့် (၅) ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ