ကမမောင်းမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကမမောင်း ဇွန် ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်ကို လျှော့ချနိုင်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန် ဖာပွန်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကမမောင်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ရှေ့တန်းအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူး အောင်သီဟကျော်၊ ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုရဲထက်၊ ဖာပွန်မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ဝေဖြိုး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖာပွန်မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များစု‌ပေါင်း၍ ကျွန်း(၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀) ပင်နှင့် မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ပင်အား သတ်မှတ်နေရာများတွင် စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)