မြဝတီ ဇွန်၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်မည့် တာဝန်ကျ သစ်လွင်သူနာပြု ဆရာမ (၅၃)ဦး အား ကြိုဆိုတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ် (၄)ရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာဇင်မြင့်ဦးက ဖြည့်စွက်အမှာစကားကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး “သစ်လွင်သူနာပြု” ဆရာမ (၅၃)ဦးမှ တစ်ဦချင်း မိတ်ဆက်ကြကာ တင်ပြလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာဇင်မြင့်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှအဖွဲ့ဝင်များက သစ်လွင်သူနာပြုများအား ထားရှိမည့်အဆောင်များကို လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)