ကမမောင်း ဇွန် ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့တို့သည် ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ မိဇိုင်းကျေးရွာ ကွင်းအမှတ် OSS ၁/၄ တောင်သူ(၇)ဦးတို့၏ လယ် (၁၅) ဧက၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ခြင်း၊ လုပ်သားရှားပြီး ကုန်ကျစရိတ်သက်သာစေရေး မျိုးစပါး မျိုးစေ့ချကိရိယာ seeder ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြမှုတို့ကို ကြည့်ရှု့အားပေးပြီး တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာများကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး မွေးမြူရေး ပညာရှင်တွေ လိုအပ်ပါကြောင်း၊ Grade-9 အောင်မြင်ပြီး ကျောင်သား/သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း တက်ရောက်နိုင်ရေး သက်ဆိုင်ရာ ဆရာ/ဆရာမများမနေနဲ့ လမ်းညွှန်သင်ပြပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က ကမမောင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးကျော်စွာထွန်း၏ ငွေနှင်းမှိုမျိုးထုတ်လုပ်မှု၊ စိုက်ပျိုးထားမှု၊ စီးပွားဖြစ် စားဖိုဆောင်သီးနှံ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ မွေးမြူရေးဇုန်ရှိ ဒေါ်မိဖြူ၏ အသားတိုး ကြက်မွေးမြူရေးခြံသို့လည်းကောင်း၊ ဦးတင်စိုး၏ ဒေသနွားမွေးမြူရေးခြံသို့လည်းကောင်း၊ ဦးသိန်းညွှန့်ဦး၏ နို့စားနွားမွေးမြူရေးခြံသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်၊၊
ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့က ကမမောင်းမြို့ သံလွင်ဦးမြို့မဈေးသို့ သွားရောက်ကာ ဈေးကော်မတီများတွေ့ဆုံပြီး ပျံကျဈေးအဆင့်မြှင့်တင် ဆောက်လုပ်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး လိုအပ်သည်များ သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
မြို့နယ် (ပြန်/ဆက်)