ပေါင်မြို့နယ်၌ စည်သွပ်ဘူးအမျိုးမျိုးနှင့် စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်

ပေါင် ဇွန် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စည်သွပ်ဘူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော စည်သွပ်ဘူးအမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများက ကန့်သတ်တားမြစ်ထားသည့် စည်သွပ်ဘူးများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စည်သွပ်ဘူးများ ရောင်းချနေမှုရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော စည်သွပ်ဘူးများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် စည်သွပ်ဗူးများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)