တံတား ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ ဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲကို စတင်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား(၈)ဦး၊ ကျောင်းသူ(၆)ဦး စုစုပေါင်း(၁၄)ဦးတို့မှ “မူးယစ်အန္တရာယ် တို့ကာကွယ်” ခေါင်းစဉ်ဖြင့် ပါ၀င်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)