နတ်မောက်မြို့၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်

နတ်မောက် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့ကအခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်း၏အရေးပါမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်ပြည်သူများသိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး နောက်အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းတက်နေသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိဝန်ထမ်းများက လိုအပ်သည့်အချက်အလက်များစိစစ်ကောက်ယူ၍ နေ့ချင်းပြီးအခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၈၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ထုတ် ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း