မြို့သစ် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှစာအုပ်များဌားရမ်းဖတ်ရှု၍ စာပေအသိပညာများဆည်းပူးကြရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူငယ်အသိပညာပေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများ၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)