နတ်မောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးများနှင့်ယဥ်ကျေးမှုဓလေ့ထုံးတမ်းစဥ်လာများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပခဲ့ရာ နတ်မောက်မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၃၂)ဦးတို့က “မြန်မာအမျိုးသမီးများ၏စွမ်းရည်” ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှဝင်း