တမူး ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် တမူးခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထန်ရှန်းခိုင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ၂၈၀ ဦးတို့အား သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို သွေးချို စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရတနာ