ဂန့်ဂေါ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Clup)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာကိုကိုလင်း(အမေ့အိမ်)ရေးသားသည့် “လူကြီးတွေက စပြင်ပါ” အတွေးရသစာစုများမှ “ဆုတောင်းကြသူများ” ရသစာစုဖြင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်း ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)ရေးသားသည့် “လူကြီးတွေက စပြင်ပါ” အတွေးရသစာစုများမှ “ ဆုတောင်းကြသူများ” ရသစာစုဖြင့် လူငယ်စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ လူငယ်စာဖတ်ဝိုင်းသို့ မြစ်သာနဒီစာဖတ်ဝိုင်း၏နာယက အရှင်ဟိတေသီ(ယောမြေ)၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Clup)ဥက္ကဋ္ဌ ဦးအောင်စိုးမင်းနှင့်အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးကြသည့် အခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)