ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

ကံမ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်၌ ယနေ့နံနက် (၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် Than Thar Trading Co;Ltd  ဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စားအုန်းဆီများကို ချိုသာသောဈေးနှုန်းဖြင့်ရောင်းချရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သားအား(၄၂၀၅)ကျပ်ဖြင့် ဆီပိဿာချိန် (၂၂၀)အား ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)