ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသ ားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၂၁ ရက်နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးသီဟစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ထုတ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းအခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးဝင်းကိုစိုး၊ ဘားအံခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)