ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ အာကာသသိပ္ပံနှင့်နည်းပညာအသုံးချမှုဆိုင်ရာ သိကောင်းစရာများအား သွားရောက်လေ့လာ

ရန်ကုန် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ အာကာသပြတိုက်သို့ အာကာသသိပ္ပံနှင့် နည်းပညာအသုံးချမှုဆိုင်ရာ သိကောင်းစရာများအား သွားရောက်လေ့လာခဲ့ကြသည်။

ထို့သို့လေ့လာရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်ခဲ့ကြပြီး မြန်မာအာကာသအေဂျင်စီမှ နည်းပညာရှင်များက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

​အောင်မြင့်(ပြန်/ဆက်)