ဘားအံမြို့၌ စာအုပ်စာစောင် မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ဘားအံ ဇွန် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၏ အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ တိကျမှန်ကန်သော သတင်းအချက်အလက်များ အချိန်မီသိရှိနိုင်စေရေး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရေးနှင့် မီဒီယာကဏ္ဍများမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဆရာဖေမြင့်၏ ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က မိမိတို့ဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာ ဗဟုသုတ ဖြန့်ဝေခြင်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး သတင်းအချက်အလက်များ စီးဆင်းမှု စာပေနှင့်အနုပညာ မြှင့်တင်ခြင်းလုပ်ငန်းများ စာဖတ်ရှိန်မြှင့်တင်ရေးပွဲများနှင့် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ ချီးမြှင့်ငွေများဖြင့် စာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ဘားအံခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် စာအုပ်စာစောင် မြတ်နိုးသူအသင်းအဖွဲ့ဝင်များမှ စာဖတ်ဝိုင်းအား ဘဝတိုးတက်မှုစာဖတ်ခြင်း၊ ခေတ်အဆက်ဆက်ကမ္ဘာကို လွမ်းမိုးခဲ့သောစာအုပ်များ၊ စာပေဟူသည် ကဝိတို့၏ပစ္စည်း ကဝေတို့၏မာယာ၊ သည့် ဆောင်းပါးခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားခြင်း အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရသည်။

ပြည်နယ် (ပြန်/ဆက်)