ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကျင်းပ

သာယာဝတီ ဇွန် ၂၃

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့်အသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုမြေဩဇာပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား သုံးဆယ်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဖြိုးမင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်နှင့် အသင်းစုဥက္ကဋ္ဌတို့မှ အသင်းသားတောင်သူများအား မျိုး၊ သွင်းအားစုများပေးအပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ သမဝါယမကဏ္ဍမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် အသင်း(၁)သင်း၊ အသင်းသား(၄၅)ဦး၊ ဧက(၂၂)ဧကနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်း(၅)သင်း၊ အသင်းသားဦးရေ(၂၁၅)ဦး၊ ဧက(၂၂၇၈)ဧက၊ စုစုပေါင်းဧက (၂၅၀၀)ဧက မိုးစပါးစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)