ပေါင်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ပေါင် ဇွန် ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမျိုးထက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် နည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့် တပ်ဖွဲ့ဝင်များက ဇွန်လ(၂၂)ရက်‌နေ့မှ (၂၆)ရက်နေ့ထိ သင်တန်းသား(၃၅)ဦးတို့ဖြင့် နေ့စဉ်နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ အခြေခံမီးသတ်ပညာရပ်များ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)