ကြို့ပင်ကောက်မြို့၌ ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

ကြို့ပင်ကောက် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို  ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဈေးချိုမြောက်ရပ်ကွက် စည်ပင်ကန်တွင်ပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်များတိုးတက်လာစေရန်ရည်ရွယ်၍ ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သဏ္ဌာန်ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)