သုံးခွ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယခရိုင် ဥပဒေအရာရှိ ဦးသန်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် သင်းတန်းပို့ချခဲ့ရာ ဒုတိယခရိုင် ဥပဒေအရာရှိ ဦးသန်းလှိုင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်မင်းထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၂-၆-၂၀၂၆ ရက်နေ့မှ ၂၂-၆-၂၀၂၆ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်