ပခုက္ကူမြို့၌ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံးခြုံရေးကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံခြုံရေး ယမန်နေ့ နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးကြသည်။  

ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ ကင်းဟိန်းပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)