လက်ပံတန်းမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

လက်ပံတန်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဥပဒေရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက လက်ပံတန်း (GTI) ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးသန်းဌေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ ၅၃ အုပ်စုမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လောင်းကစား ဥပဒေ၊ နည်းဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံး ဥပဒေဘာသာရပ်များကို ဇွန် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ၅ ရက်တာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)