လှည်းကူးမြို့နယ်၌ အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းဖွင့်လှစ်

လှည်းကူး ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် လှည်ကူးမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က လှည်းကူးမြို့နယ် မြို့တော်ခန်းမ၌ ကျင်းခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီရီစန်းက တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လှည်းကူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ထံသို့ တိုင်းရင်းဆေးသင်တန်းဖွင့်လှစ်မှုအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နှင်းနှင်းအေး၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီရီစန်း ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူ (၃၀)ဦးအား ဇွန်လ ၂၂-၆-၂၀၂၆ ရက်မှ ၂၄-၆-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်လတ် (ပြန်/ဆက်)