ဝေါမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ် သင်တန်းဖွင့်လှစ်

ဝေါ ဇွန် ၂၃

ပဲခူးဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဥပဒေရုံးက ပြည်သူများနှင့်အမြဲတစေ ထိတွေ့ဆက်ဆံနေရသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်းတရားဥပဒေအသိပညာရှိစေရေးနှင့် ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေးတို့ကိုရည်ရွယ်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ် သင်တန်း (TOT) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပ​ဒေအရာရှိ ဒေါ်ခင်မြင့်မြင့်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပေးမည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု (၆၄) အုပ်စုမှ အုပ်ချုပ်ရေးမှူး များအား ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ၂ ရက်အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)