ကော့ကရိတ် ဇွန် ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ခရိုင်အဆင့်ကျောင်းကျန်းမာရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကျောင်းကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှုမိတ်ဆက်သင်တန်းကို ယနေ့ နံနက် ၉နာရီက အမှတ်( ၂ )အခြေခံပညာအထက်တန်းကျောင်း၊ သရဖီခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဥက္ကာက အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေက ထပ်ဆင့်အမှာစကားပြောကြားသည်။ ပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးသိန်းတန်မှ ကျောင်းကျန်းမာရေးလုပ်ငန်းအကြောင်းအရာများဖြစ်သည့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ယင်နားစာများကင်းဝေးစေရေး၊ ပိုးလောက်လန်းအန္တရာယ်၊ ခြင်ပေါက်ပွားမှုမဖြစ်ပေါ်စေရေးတို့အတွက် ကျန်းမာရေးနှင့်ပညာရေး ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ကျန်းမာပျော်ရွှင်သည့် အနာဂတ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကျောင်းကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှု မိတ်ဆက်သင်တန်းကို သင်တန်းနည်းပြ ၆ ဦးတို့က ကျန်းမာရေးနှင့်ပညာရေးပူးပေါင်း၍ ကျန်းမာရေးပိုစတာ၊ ပညာပေးစာအုပ်များထားရှိခြင်း၊ အသုံးပြုခြင်း၊ ကျန်းမာရေးအတွက် ဘဝတွက်တာကျွမ်းကျင်စရာများ၊ ပြပွဲ/ပြိုင်ပွဲများ၊ ကျန်းမာရေးအာဟာရအုပ်စုများ၊ လက်ဆေးခြင်းကဗျာများစသည့် သင်ခန်းစာမျာကိုး ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ပို့ချပေးလျက်ရှိရာသင်တန်းသား(၇၀)ဖြင့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)