ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ်၊ ပတ်ကျောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစည်သူအောင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ(၃၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)