ကျောက်ဆည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဌာန၌ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ကျောက်မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များက စုပေါင်းသွေးလှူဒါန်းရာ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအား အားအင်ပြန်လည်ပြည့်ဖြိုးရေး နို့အေး၊ ကြက်ဥ၊ ထောက်ပံ့ငွေနှင့် အမှတ်တရတီရှပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)