ရွှေပြည်သာ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဘေးထိခိုက်လွယ်သည့်ဒေသများ၏ ကဏ္ဍစုံတွင်ပံ့ပိုးကူညီရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုစီမံချက်ရှင်းလင်းပွဲ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စီမံချက်တာဝန်ခံမှ စီမံချက်ဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက စီမံချက်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာစီမံချက်တာဝန်ခံမှ ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)