ချောက် ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများသီးနှံစိုက်ပျိုးရာသီတွင် အထွက်နှုန်းနှင့် နည်းစနစ်ကောင်းများရရှိစေရန်ရည်ရွယ်၍ တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ဝင်းက တောင်သူများသီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြေဆီလွှာအသုံးချဆောင်ရွက်မှုများ၊ အထွက်နှုန်းကောင်းမျိုးစေ့၊ မျိုးဆံများအကြောင်း၊ ပိုးသတ်ဆေးစနစ်တကျသုံးသင့်သည့်အချက်အလက်များနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့သည်။ အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲသို့ ကြို့ပင်အုပ်စု ကြို့ပင်ရွာ၊ ရွာသစ်ရွာတို့မှ တောင်သူ(၅၀)ဦးတက်ရောက်၍ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုမေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)