ချောင်းဆုံ ဇွန် ၂၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) ကျောင်း၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်သင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေး ကဗျာနှင့် ဆောင်းပါးများ ပါဝင်သော လက်ကမ်းစာစောင် အစောင်ရေ (၄၀၀) ကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)